#Local_News
Published 28 June 2024

▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဆီဘောက်ဆာယာဉ်နှင့် Pro Box ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဖြစ်စဉ်မှာ ဇွန်၂၈ ရက်နေ့၊ နေ့လယ် ၁နာရီ ၃၆ မိနစ်အချိန်က  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းနှင့် ပဲခူးမြစ်လမ်းထောင့်တွင် ဆီဘောက်ဆာယာဉ်နှင့် Pro Box ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

 

▪️ အဆိုပါ  သတင်းရရှိသဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။

 

#YMG/ NN #Yangon-Times