#Local_News
Published _14 September 2022

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လေယာဉ်ကွင်းအနီးတွင် စက်တင်ဘာလ ၁၃ ရက် မွန်းလွဲ ၃နာရီခန့်က Pre Wedding ရိုက်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရာကာ သေဆုံးသွားကြောင်း သိရသည်။

 

ရေးလေယာဉ်ကွင်းမှာ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအနီးတွင်ရှိပြီး ယင်းတွင် မင်္ဂလာဆောင်အကြို ဓာတ်ပုံရိုက်ကူးနေသူ အသက် ၂၈ နှစ်အရွယ် ကိုဖိုးစီအား လက်နက်ကိုင်အချို့က လာရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ဦးခေါင်းနှင့် ခန္ဓာကိုယ်တိုတွင် သေနတ်ဒဏ်ရာများရရှိခဲ့သောကြောင့် ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကို ရေးဘီလူးအဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကလည်း ကိုဖိုးစီ၏ ဖခင်ဖြစ်သူအား ဒလန်ဟုဆိုကာ သေနတ်ဖြစ် ပစ်သတ်ခံခဲ့ရသေးကြောင်း ဒေသခံများက ဆိုသည်။

 

#ymg/mt
#Yangon_Media_Group