Published_ 18 May 2024

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊မုံရွာတက္ကသိုလ်၊စစ်တွေတက္ကသိုလ်တို့မှ ပါရဂူPh.Dတန်းများ တက်ရောက်ရန်သင်တန်းသားများ  ခေါ်ယူလျက်ရှိကြောင်း သိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်အတွက်ဘောဂဗေဒ၊ဝါဏိဇ္ဇဗေဒ၊စာရင်းအင်းဗေဒအတွက် ပါရဂူPh.D သင်တန်းသားများ  ခေါ်ယူနေခြင်းဖြစ်ပြီးသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ  ကျောင်းသားရေးရာဌာန၌မေလ ( ၂၄)ရက်နောက်ဆုံးထားပြီး  လျှောက်ထားနိုင်ကြောင်းနှင့်မေလ(၂၇)ရက်နှင့်(၂၈)ရက်၌ ဝင်ခွင့်စာမေးပွဲအဖြစ် သက်ဆိုင်ရာ ဘာသာရပ်များကို ဖြေဆိုကြရမည်ဟုဆိုသည်။

မုံရွာတက္ကသိုလ်တွင် ဘူမိဗေဒအတွက် ပါရဂူPh.D သင်တန်းသားများ  ခေါ်ယူနေခြင်းဖြစ်ပြီးသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ  ကျောင်းသားရေးရာဌာန၌မေလ ( ၂၄)ရက်နောက်ဆုံးထားပြီး  လျှောက်ထားနိုင်ကြောင်းနှင့်မေလ(၂၇)ရက်နှင့်(၂၈)ရက်၌ ဝင်ခွင့်စာမေးပွဲအဖြစ် သက်ဆိုင်ရာ ဘာသာရပ်များကို ဖြေဆိုကြရမည်ဟုဆိုသည်။

စစ်တွေတက္ကသိုလ်တို့မှ မြန်မာစာ၊သမိုင်း၊သင်္ချာဘာသာရပ်များအတွက် ပါရဂူPh.D သင်တန်းသားများ  ခေါ်ယူနေခြင်းဖြစ်ပြီးသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ  ကျောင်းသားရေးရာဌာန၌မေလ ( ၂၄)ရက်နောက်ဆုံးထားပြီး  လျှောက်ထားနိုင်ကြောင်းနှင့်မေလ(၂၇)ရက်နှင့်(၂၈)ရက်၌ ဝင်ခွင့်စာမေးပွဲအဖြစ် သက်ဆိုင်ရာ ဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group