ရန်ကုန်ဩဂုတ်-၂၀

၂၀၂၁ခုနှစ် ဇူလိုင်၁ရက်မှ ဩဂုတ်၁၉ရက်အထိ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများအတွက် အောက်ဆီဂျင်စက်ရုံ Oxygen Plant ၄၁ခုကို ပြင်ပမှ တင်သွင်းခွင့်ပြုခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။  
 
အဲဒီအောက်ဆီဂျင်စက်ရုံ(၄၁)ခုတင်သွင်းခဲ့ရာမှာ ရန်ကုန်မြို့သို့ (၄၁)ခု၊ လားရှိုးမြို့သို့ (၅)ခု၊ ပဲခူးမြို့သို့ (၄)ခု၊ မန္တလေးမြို့သို့ (၄)ခု၊ ကျောက်ပန်းတောင်းမြို့သို့ (၃)ခု၊ ပခုက္ကူမြို့သို့ (၂)ခု၊ ဘားအံမြို့သို့(၂)ခု၊ မော်လမြိုင်မြို့သို့(၂)ခု၊ တောင်ကြီး၊သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်၊ မြစ်သား၊ မိုးကောင်းမြို့ နှင့် ကျောက်တံခါးမြို့များသို့ တစ်ခုစီတင်သွင်းခဲ့တာဖြစ်ပါတယ်။ 
 
အဲဒီအပြင် အောက်ဆီဂျင်အရည် ဘောက်ဆာယာဉ် စုစုပေါင်း ၉၁ စီးတင်ပို့ခဲ့ပြီး ရန်ကုန် မြို့သို့ ၆၈ စီး၊ မန္တလေးမြို့သို့၁၅ စီး၊ မော်လမြိုင်မြို့သို့လေးစီး၊ ပဲခူးမြို့သို့ နှစ်စီး၊ သထုံမြို့သို့ တစ်စီး၊ သံဖြူဇရပ်မြို့သို့ တစ်စီးစီ ဖြစ်ကြပါတယ်။ 
 
ယမန်နေ့ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator ၇၃၉ခု၊ Test Kit ၆၇၆၀ နှင့်ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၁၀ တန်၊ အောက်ဆီဂျင်အိုး(အခွံ) ၈၆၄၀၊ Oxygen Plantတစ်ခု၊ အိမ်သုံး အောက်ဆီဂျင် စက် (Oxygen Concentrator) ၁၀၉၀၊ PPE ဝတ်စုံ ၄၄၀၀ နှင့် နှာခေါင်းစည်း (Mask) ၁၅ တန် တင်သွင်း နိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၁၇ ခုမှ ယာဉ်စီးရေ ၃၅ စီးဖြင့် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ 
 
သြဂုတ်လအတွင်းမှာ ယာဉ်စီးရေ ၁၀၂၂ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်ဖြင့် ၁၀၂၅တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၂၅၇ တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် ၇၂ တန်၊ အောက်ဆီဂျင် (အရည်) Storage Container ၁၂ ခု၊ အောက်ဆီဂျင် (အရည်) Distributor ခြောက်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၂၉၈၄၀၊ Oxygen Plant ၃၃ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် နှစ်ခု၊အောက်ဆီဂျင် (Generator) ၁၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၈၁၄၂၇ ခု၊ Test Kit ၁၅၇၈၀၈ခု၊ PPE ဝတ်စုံ ၅၅၁၀၆၅စုံ၊ လက်အိတ် ၈၃ တန်နှင့် နှာခေါင်းစည်း (Mask) ၁၂၉၃ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  
 
အဲသလို တင်သွင်းရာမှာ မြန်ဆန်လွယ်ကူစေဖို့ သက်ဆိုင်ရာတာ ဝန်ရှိသူများထံတိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်း နိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကို လည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင် ရွက်ပေးထားပါတယ်လို့လည်း နှိုးဆော်အသိပေးထားပါတယ်။