#Local_News
Published 21 November 2023


ရန်ကုန်မြို့၊ တာမွေမြို့နယ်နတ်မောက်လမ်း၊ ရန်ကုန်မျက်စိအထူးကုဆေးရုံးကြီးတွင်နေ့စဉ်လူနာ ၅၀၀ခန့် ကုသပေးလျက်ရှိပြီး Online Booking စနစ်ဖြင့် ရက်ချိန်းရယူနိုင်ကြောင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ဆေးရုံကြီးတွင်အထွေထွေမျက်စိရောဂါနှင့် မျက်စိဘာသာရပ်ဆိုင်ရာဌာနတို့ထားရှိပြီး နေ့စဉ်အတွင်း တိမ်လူနာ ၅၀ ခန့်၊ ပြင်ပလူနာ ၄၅၀ ခန့်တို့ကို မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများကကုသပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်မျက်စိအထူး ကုဆေးရုံကြီး၏ ပြင်ပလူနာဌာန နှင့် အထူးကုပြင်ပလူနာဌာနသို့ Online Booking စနစ်ဖြင့် Viber (သို့) massenger Search Box တို့တွင် Caremebot ရိုက်နှိပ်ပြီး Viber (သို့) massenger သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

ယင်းဆေးရုံကြီးသည် တနိုင်ငံလုံးရှိ မျက်စိကုသမှု ခက်ခဲသည့် လူနာ များကို နောက်ဆုံးအဆင့်လွဲပြောင်း ကုသပေးရသည့် ဆေးရုံကြီး ဖြစ်ပြီး ယခင်က မျက်စိ အတွင်းတိမ်လူနာ၊ အထွေထွေ မျက်စိလူနာ၊ ရေတိမ်လူနာတွေကို ကုသပေးကာ၂၀၁၄-၂၀၁၅ နောက်ပိုင်းတွင် ကလေးမျက်စိ သီးသန့်ဌာန ဖွင့်နိုင်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်မျက်စိအထူး ကုဆေးရုံကြီးတွင် အရေးပေါ် လူနာများကို ပိတ်ရက်မရှိ နေ့စဉ် ၂၄ နာရီ ကုသပေးလျက်ရှိပြီး ပြင်ပလူနာများအတွက် အစိုးရရုံး ပိတ်ရက်များတွင် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီ အထိ ကုသပေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး #Online_Booking
#YMG/LW #Yangon_Times