#Local_News
Published _ 6 July 2022

 

ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်များတွင် ဇူလိုင်လ ၁၉ ရက် မှ ၂၁ ရက်အထိ ကျင်းပမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲသို့ သွားရောက်လေ့လာလိုသူများ အနေဖြင့် အွန်လိုင်းမှ တစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

Online registration မှ လျှောက်ထားသူများအနေဖြင့် သီးခြားဝင်ပေါက်မှ တစ်ဆင့် အချိန်ကြန့်ကြာမှုမရှိစေဘဲ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

 

ယခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် ဗိုလ်ချုပ် အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့ကို အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုသွားမည်ဟု ဆိုထားသည်။

 

နှစ်စဉ်ကျရောက်ခဲ့သော အာဇာနည်နေ့များတွင် အများပြည်သူများ လာရောက်လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးခဲ့ပြီး ကိုဗစ်ကာလ၌ အွန်လိုင်းမှာ ပြသခဲ့ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group