#LocalNews

Published - 27 Dec 2021

 

ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး Old Account တွေထံ ငွေသားပေးသွင်းမှုတွေကို အကန့်အသတ်မရှိ ၁၀၀ ရာခိုင်နှုန်း ငွေသားပြန်လည်ထုတ်ယူနိုင်ပြီလို့ CB Bank က အသိပေးကြေညာထားပါတယ်။

 

Old Account ထဲရှိ ဒီဇင်ဘာလ ၁၅ ရက်မတိုင်မီက လက်ကျန်ငွေအား စာရင်းပြောင်း/ စာရင်းရှင်း (Clearing) နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုနိုင်တဲ့အပြင် သတ်မှတ်ကန့်သတ်ပမာဏအတိုင်း နှစ်ပတ်တစ်ကြိမ် တိုကင်ရယူပြီး ငွေသားထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

 


CB Bank Customer တွေအနေနဲ့ မိမိတို့ရဲ့ Deposit Account (Old Account) တွေကို ရန်ကုန်ဘဏ်ခွဲ Account အချင်းချင်း၊ နယ်ဘဏ်ခွဲ Account အချင်းချင်း Old Account ငွေသားပေးသွင်းငွေတွေကို ချက်ချင်းပြန်လည်ထုတ်ယူနိုင်တဲ့အပြင် မည်သည့်နေ့တွင်မဆို ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

 

ဒါ့အပြင် ရန်ကုန်ဘဏ်ခွဲတွေရဲ့ Old Account တွေထံ နယ်ဘဏ်ခွဲတွေမှ ငွေသားပေးသွင်းပါက Special Account များနည်းတူ နောက်တစ်ရက်မှစပြီး ၁၀၀ ရာခိုင်နှုန်း ပြန်လည်ထုတ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group