#Local_News
Published 5 September 2024


▪️ နှစ်နှစ်ခွဲကျော်ကာလကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC) တွင် မှတ်ပုံတင်လျှောက်ထားပြီးသည့် ကုမ္ပဏီ ၁၆၀၀ ကျော်ရှိကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ပြီးခဲ့သည့်  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ  ၂၀၂၄ခုနှစ်  စက်တင်ဘာလ ၂ ရက်နေ့အထိ နှစ်နှစ်ခွဲကျော် ကာလအတွင်း တရုတ်နိုင်ငံ GACC ၌  မှတ်ပုံတင်သည့်  မြန်မာကုမ္ပဏီ ၁၆၀၈ ခုအထိ ရှိ ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍  မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့  စားသောက်ကုန် တင်ပို့သည့်  ကုမ္ပဏီများအနေဖြင့်  တရုတ်၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ရခြင်းဖြစ်သည်။

 

▪️ ထို့ကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်၍  မြန်မာကုမ္ပဏီများ GACC တွင်  မှတ်ပုံတင်နေခြင်းဖြစ်ကာ လက်ရှိအချိန်ထိ စိုက်ပျိုးရေးဦးစီးဌာန မှ  ကုမ္ပဏီ ၁၄၄၇ ခု၊ ငါးလုပ်ငန်းဦးစီးဌာနမှ  ကုမ္ပဏီနှင့် စက်ရုံ ၁၃၈ ခု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  ကုမ္ပဏီ ၁၄ ခုနှင့်  အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  ကုမ္ပဏီ ၉ ခုတို့ မှတ်ပုံတင်ထားခြင်းဖြစ်‌ ကြောင်းသိရသည်။

 

▪️ အဆိုပါ ကုမ္ပဏီများမှ လျှောက်ထားသည့် မှတ်ပုံတင်လျှောက်လွှာစုစုပေါင်း ၃၂၅၃ ခုအထိ ရှိခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံမှ  တရုတ်နိုင်ငံသို့ကုန်များ တင်ပို့ရာတွင် မှတ်ပုံတင်ရမည့် ကုန်စည်အမျိုးအစား၁၈ ခုထဲတွင် အသား၊ ရေထွက်ကုန်၊ နို့ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့် သစ်သီးခြောက်များပါဝင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times