Published_6 Feb 2024

NCA ထိုးထားသည့် မွန်ပြည်သစ်ပါတီထံ PDF အဖွဲ့ဝင်များနှင့်ပူးပေါင်းနေသည့် ရာမညတပ်ဖွဲခေါင်းဆောင် အပါအဝင် (၁၀) ဦး လာရောက်ပူးပေါင်းကြကြောင်း မွန်ပြည်သစ်ပါတီက မွန်ဘာသာဖြင့် သတင်းထုတ်ပြန် ထားသည်။

ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ဗညားက မွန်ပြည်သစ်ပါတီ အမှတ်(၂) တပ်ရင်း ထားဝယ်ခရိုင် ထံ ပူးပေါင်း လိုကြောင်း လာရောက်ဆက်သွယ်ခဲ့သဖြင့် မွန်ပြည်သစ်ပါတီက လက်ခံခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြ ထားကြောင်း သိရသည်။

အဆိုပါ PDF အဖွဲ့ဝင်များနှင့်ပူးပေါင်းနေသည့် ရာမညတပ်ဖွဲခေါင်းဆောင် အပါအဝင် (၁၀) ဦး တို့အနေဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတွင်လှုပ်ရှားခဲ့သူများ ဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီထံ လာရောက် ပူး ပေါင်းသူများမှာ ရာမညတပ်ဖွဲ ခေါင်းဆောင် နိုင်ဗညား အပါအဝင် (၁၀)ဦးဖြစ်ပြီး ယင်းတို့နှင့်အတူ လက်နက် အစုံ (၇)လက်နှင့် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ (၅)ရက်က ရေးမြို့နယ်တောင်ပိုင်းတွင် ရာမညတပ်ဖွဲဝင်များနှင့် အမည်မသိ လက်နက် ကိုင် အဖွဲများ တိုက်ပွဲဖြစ်ပွါးခဲ့ရာ တိုက်ပွဲအတွင်း ရာမညတပ်ဖွဲ့မှ အဖွဲ့ဝင် (၂)ဦး သေဆုံးသွားကာ လက်နက်ခဲ ယမ်းအချို့လည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
Photo- မွန်ပြည်သစ်ပါတီ (NMSP)
Yangon Times/PP
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group