#Local_News
Published 24 August 2024

▪️ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Ocean  Center အတွင်း ရေများဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဩဂုတ်၂၄ ရက်နေ့ မနက်၇ နာရီ အချိန်ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Ocean Center အတွင်း ရေများဝင်ရောက်နေကြောင်း သိရသည်။

 

▪️ အဆိုပါ  သတင်းရရှိသဖြင့် ဥတ္တရသီရိခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ မီးသတ်စက်ကလေး(၁)လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဗ္ဗသီရိနယ်မြေမီးသတ်စခန်းမှ မီးသတ်စက်ကလေး(၁)လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေစုပ်ထုတ်ခြင်း၊ သန့်ရှင်းပေးခြင်း၊ လူနေအိမ်များအတွင်းရှိ ရွှံ့နုန်းများ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times