#Local_News
Published 13 August 2024


▪️ စင်ကာပူစွမ်းအင်ကုမ္ပဏီဖြစ်သည့် Sembcorp သည်  မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ  ဓာတ်အား ပေးစက်ရုံကို ယာယီရပ်ဆိုင်းလိုက်ကြောင်း  ဩဂုတ် ၁၂ ရက်က  အသိပေးထုတ်ပြန်လိုက်သည်။

 

▪️ လျှပ်စစ်စွမ်အားဝန်ကြီးဌာနလက်အောက်ခံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EPGE) ထံ အခြေအနေများ တင်ပြခဲ့ပြီးနောက် လုပ်ငန်းပိတ်သိမ်းရန်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ လက်ရှိနယ်မြေ အခြေအနေများကြောင့်  ယာယီရပ်ဆိုင်းခြင်းဖြစ်ကာ ဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုသည်  Sembcorp ၏  အဓိက ဦးစားပေးဖြစ်ကြောင်း ဖော်ပြထားသည်။

 

▪️ ထို့အပြင်  အခြေအနေများ လုံခြုံတည်ငြိမ်သွားပြီဆိုပါက လုပ်ငန်းများ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ Sembcorp သည် ၂၀၁၈ ခုနှစ်မှစတင်ပြီး မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို စတင်လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေသည့်  စက်ရုံဖြစ်ကြောင်း သိရသည်။

 

▪️ Sembcorp အနေဖြင့်  အခြေအနေများ  လုံခြုံသွားပါက ကျိုးကြောင်းဆီလျော်စွာ လက်တွေ့လျင် မြန်စွာ လုပ်ငန်းများ  ပြန်လည်စတင်ရန် ကြိုးပမ်း သွားမည်ဖြစ်‌ ကြောင်းအသိပေးထားသည်။

 

#YMG/NN #Yangon_Times