#Local_News
Published 30 August 2024


▪️ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန်  ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး ခြောက်ခုမှ မြွေအကောင်ရေ ၁,၆၀၀ ဝယ်ယူလိုကြောင်း ဆေးဝါး စက်ရုံ(အင်းစိန်)မှ  ထုတ်ပြန်ကြေညာထားသည်။

 

▪️ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူးနှင့်  စစ်ကိုင်းတိုင်း ဒေသကြီးများမှ  ဖမ်းဆီးရမိသည့်  မြွေပွေးအကောင်ရေ ၁,၂၀၀ နှင့်  မြွေဟောက်အကောင်ရေ ၄၀၀ ဝယ်ယူလိုခြင်း ဖြစ်ကြောင်းသိရသည်။

 

▪️ အဆိုပါ ဝယ်ယူမည့် မြွေများမှာ  တစ်ကောင်လျှင်  ငါးဆယ်ကျပ်သားနှင့်  အထက်ရှိရမည်ဖြစ်ပြီး မြွေပွေးတစ်ကောင်ကိုတစ်သောင်းကျပ်နှင့်  မြွေဟောက်တစ်ကောင်ကိုကျပ်တစ်သောင်းခွဲ သတ်မှတ်ထားကာ အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်၊ ဆေးဝါးစက်ရုံလမ်းရှိ ဆေးဝါးစက်ရုံ(အင်းစိန်)ကို အရောက်ပေးပို့ရမှာ ဖြစ်ကြောင်း၊ ရောင်းချလိုသည့်  အရေအတွက်အလိုက် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times