#Local_News
Plublished- 23-7-2023

မြန်မာနိုင်ငံသားလေးဦးပါဝင်သည့် MV Tung Sung အမည်ရှိ သင်္ဘောနစ်မြုပ်မှု၌ ရုပ်အလောင်းလေးခုအား Malaysia Maritime Enforcement Agency (MM EA) က ယမန်နေ့ ဇူလိုင် (၂၂)ရက်တွင်ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

 

အဆိုပါ အလောင်း လေးလောင်းကို ယင်းနေ့ တစ်ရက်တည်းတွင်ပင် အချိန်အနည်းစီကွာ၍ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ သဘော်တိမ်းမှောက်မှုသည် ပြီးခဲ့သည့် ဇူလိုင် (၁၉)ရက် ည ၁၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ နောက်တစ်ရက် နံနက် ၉ နာရီအချိန်တွင် ရေကြောင်း အာဏာပိုင်များက သင်္ဘော နစ်မြုပ်မှု သတင်းကို ရရှိခဲ့ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

နစ်မြှပ်ခဲ့သည့် MV Tung Sung သည် Kuching မှ Sarikei သို့ ကျောက်စရစ်တွေတင်ဆောင်လာစဥ်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နစ်မြုပ်မှုတွင်ပါသွားသည့် မြန်မာသင်္ဘောသား‌လေးဦးမှာ ကိုသက်မင်း ဇူလိုင် အသက် ၂၃ နှစ် (Deck Rating) ၊ ကိုရဲလင်းထက် ၂၁ နှစ် အသက်  (Deck Rating) ၊ ကိုလှဝင်းထွန်း အသက် ၂၄နှစ် (Engine Rating)၊ကိုထွန်းလင်းဦး အသက်၂၀နှစ် (Engine Rating)တို့ဖြစ်ကြောင်းသိရသည်။

 

မြန်မာသဘ်ောသာများသေဆုံးမှုအတွက် မြန်မာနိုင်ငံပင်လယ်ကူးသဘော်သား အလုပ်သမားများအဖွဲ့ချုပ် မိသားစုဝင်များဘက်က လာရောက်အကူအညီတောင်းခံပါက ရပိုင်ခွင့်များအတွက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

#YMG/my #Local_News #မြန်မာနိုင်ငံသားလေးဦးပါဝင်သည့် MV Tung Sung အမည်ရှိသင်္ဘောနစ်မြုပ်
#Yangon_Times