#Local_News
Published 17 September 2023


တရုတ်နိုင်ငံတွင်ကျင်းပနေသည့် ‘တရုတ်-အာဆီယံ နျူကလီးယားနည်းပညာကိုငြိမ်းချမ်းစွာအသုံးပြုခြင်းဖိုရမ်’သို့ မြန်မာနိုင်ငံမှတက်ရောက်ခဲ့ပြီးနျူကလီးယားနည်းပညာကိုအသုံးချကာစိုက်ပျိုးရေးကိုအခြေခံသည့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးနှင့်ကျန်းမာရေးကဏ္ဍများမြှင့်တင်ဆောင်ရွက်ရန်ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်းသိရသည်။

 

အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျဦးဆောင်တဲ့ အဖွဲ့ဝင်တွေတက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီးကအမှာစကားပြောရာတွင် ‘ စိုက်ပျိုးရေးကိုအခြေခံသည့် MSMEsကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်ကျန်းမာရေးကဏ္ဍများမြှင့်တင်ဆောင်ရွက်ရန်ရှိကြောင်း၊ သို့ဖြစ်ရာ ယင်းလုပ်ငန်းများတိုးတက်ရန်ပံ့ပိုးပေးမည့်နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုရေးဆိုင်ရာ သုတေသနများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း’ ထည့်သွင်းပြောကြားခဲ့သည်။

 

ဖိုရမ်အတွင်း ဒုတိယဝန်ကြီးသည် တရုတ်အဏုမြူစွမ်းအင်အေဂျင်စီဒုတိယညွှန်ကြား‌ရေးမှူးချုပ်၊တရုတ် အမျိုးသားနျူကလီးယားကော်ပိုရေးရှင်းဒုတိယဥက္ကဌနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍမြှင့်တင် ရန်နှင့်ကျန်းမာရေးစောင့်ရှောက်ရန်နျူကလီးယားနည်းပညာကိုအသုံးချခြင်းအပြင် သုတေသနနှင့်လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့်အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် စာချုပ်ကိုလက်မှတ်ရေးထိုး ထားပြီးခိုင်မာသောကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည် အာဆီယံအဏုမြူစွမ်းအင် ကြပ်မတ်ရေးဌာနများကွန်ရက်(ASEANTOM)အဖွဲ့ဝင်နိုင်ငံဖြစ်သလို အဆိုပါ ASEANTOM-IAEA၏နျူကလီးယားလုံခြုံရေးနှင့်ဓာတ်ရောင်ခြည်အရေးပေါ်ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့်တုံပြန်ရေးဆိုင်ရာစီမံကိန်းတွင်လည်းပါဝင်ဆောင်ရွက်နေကြောင်း ၊IAEA၏ နျူကလီးယားနည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် နျူကလီးယားသိပ္ပံနှင့်နည်းပညာအသုံးချ ရေးများအပြင်စွမ်းရည်မြှင့်တင်ခြင်းများကိုဆောင်ရွက်နေကြောင်း ဖိုရမ်တွင် ဒုတိယဝန်ကြီးမှထည့်သွင်း ပြောခဲ့သည်။

 

#tthl #Local_News #နျူကလီးယားနည်းပညာ #MSMEs လုပ်ငန်း #ကျန်းမာရေးကဏ္ဍမြှင့်တင် #Yangon_Times