#Local_News
Published_ 28 September 2023


အငယ်စားစီးပွားရေးလုပ်ငန်းများပါထည့်သွင်းပြီး ‘အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ’ပြဋ္ဌာန်းရန်ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

 

မူလကပြဌာန်းထားသည့် ‘အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ’တွင် အငယ် စားလုပ်ငန်းများထည့်သွင်းပြီး ‘အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ’အဖြစ်ပြဌာန်းရန်ဆောင်ရွက်လျက်ရှိပြီး ဥပဒေအရအခွန်လျော့ပေါ့ခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်းနှင့် နည်းပညာ၊ဈေးကွက်နှင့်ငွေကြေးအရင်းအနှီးအပါအဝင်အထောက်အပံ့ များပေးရန်အစီအစဉ်ရှိကြောင်း သိရသည်။

 

ယင်းကဲ့သို့ဆောင်ရွက်မည့်အကြောင်းကို စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှစစ်ကိုင်းစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံး၌ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာန၏မူဝါဒတွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်စက်မှုကဏ္ဍများဘက်ညီ ဖွံ့ဖြိုးရေးအတွက် လယ်ယာအခြေခံစက်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်သည့် လုပ်ငန်းများ နှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်တိုးတက်လာစေရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ပြီး အကြီးစားစက်မှုလုပ်ငန်း များကို ဆက်လက်ထူထောင်ခြင်းဖြင့်သွင်းကုန်အစားထိုးထုတ်ကုန်နှင့်ပြည်ပပို့ထုတ်ကုန်များတိုးမြင့်လာစေရေးအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊

 

ယခုအချိန်တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” အဖြစ် ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဥပဒေပြဋ္ဌာန်းပြီးပါက MSME ဥပဒေအရ လုပ်ငန်းအရွယ်အစား သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်လက်မှတ်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊

 

MSMEများအနေဖြင့်MSMEဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရမှတ်ပုံတင်ခြင်းအားဖြင့်ဥပဒေအရအခွန်လျော့ပေါ့ခြင်းနှင့်ကင်းလွတ်ခွင့်ပြုခြင်း၊ နည်းပညာ၊ ဈေးကွက်နှင့်ငွေကြေးအရင်းအနှီးများရယူနိုင်ခြင်း၊လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးအတွက်အထောက်အပံ့များရရှိနိုင်ခြင်း၊စွန့်ဦးတီထွင်မှုပြုလုပ်သူများနှင့်လုပ်ငန်းအသစ်စတင်လုပ်ဆောင် လိုသူများအတွက်လိုအပ်သောအကြံပေးဝန်ဆောင်မှုများ၊အခြားလိုအပ်သောကူညီပံ့ပိုးမှုများကိုရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ဒေသအလိုက်MSMEများဖွံ့ဖြိုးတိုးတက်စေရေးကြိုးပမ်းဆောင် ရွက်ပေးကြရန်နှင့်နိုင်ငံတော်အနေဖြင့်လိုအပ်သည်များပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။



#tthl #Local_News #စီးပွားရေးလုပ်ငန်း #MSME ဥပဒေပြဋ္ဌာန်း #Yangon_Times