Published 11 February 2024

ပြည်သူ့ရင်ပြင်၌ပြုလုပ်နေသည့် MSME ထုတ်ကုန်ပစ္စည်းများရောင်း ချပွဲ၌ မြန်မာ့လက်မှုစင်တာမှလက်မှုပစ္စည်းများထည့်သွင်း ရောင်းချနေကြောင်းယင်းစင်တာမှ သိရသည်။

ရန်ကုန်မြို့ရှိ  ပြည်သူ့ရင်ပြင်တွင်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် MSME ထုတ်ကုန်ပစ္စည်းဆိုင်ခန်း ၃၅၆ ခန်းဖြင့်   ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ပြီး ပြသရောင်းချနေခြင်းဖြစ်ကာ ယင်း ဈေးရောင်းပွဲတော်တွင် မြန်မာ့လက်မှုစင်တာမှ လက်မှုထည်ပစ္စည်းများ၊ စက်မှုဇုန် ၂၉ ဇုန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ သမဝါယမအသင်းများနှင့်  ပုဂ္ဂလိက အသေးစား လုပ်ငန်းများမှ  ထုတ်လုပ်သည့်  MSME ထုတ်ကုန်များ ကို ပြသရောင်းချနေခြင်းဖြစ်ကြောင်းသိရသည်။

'ပြည်သူ့ရင်ပြင်မှာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့်  ပြည်ထောင်စုနေ့ အထိမ်းအမှတ် စျေးရောင်းပွဲတော်မှာ မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်) ရဲ့ အရောင်းပြခန်းလေး ဖွင့်လှစ်ထားပါတယ်။ လာရောက် လေ့လာဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်'မြန်မာ့လက်မှုအနုပညာစင်တာမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

MSME ထုတ်ကုန်ပစ္စည်း ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ  ၁၂ ရက်အထိ သုံးရက်တာ ကျင်းပသွားမည် ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များ၊ မီးရှူးမီးပန်းပစ်ဖောက်ခြင်းနှင့် အတူ လုံခြုံရေးအစီအစဉ် များကိုလည်း စီစဉ်ထားကြောင်း သိရသည် ။ MSME ဈေးရောင်းပွဲတော်တွင်  စားသောက်ကုန် ၊ ဖိနပ်နှင့် လူသုံးကုန်ဆိုင်ခန်း များ  ပြသရောင်းချနေပြီး အဆိုပါ MSME ထုတ်ကုန်များ ပြသရောင်းချခြင်းသည်  ပြည်ပသွင်းကုန်အစားထိုးထုတ်လုပ်ရန်၊ MSME ထုတ်ကုန်များ ဈေးကွက်ရရှိရန်နှင့်  အများပြည်သူ ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို လာရောက်မည့်  ပြည်သူများ  သွားရေးလာရေး အဆင်ပြေနိုင်စေရန်  YBS ကားများ စီစဉ်ပေးထားပြီး လာရောက်မည့်  ပြည်သူများအတွက်လည်း နေ့စဉ် စတုဒိသာ ဒန်ပေါက်ပေးဝေ လှူဒါန်းခြင်းများလည်း ပြုလုပ်နေကြောင်းသိရသည် ။
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times