Published 9 February 2024

နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို  ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှသိရသည်။

အဆိုပါပြပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် EV ဆိုင်ရာ လျှပ်စစ်ယာဉ်များ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူစားသုံးနိုင်မည်ဖြစ်ကာ ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင်  တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်သည့်အတွက် မည်သူမဆို နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ လွတ်လပ်စွာ လာရောက်လေ့လာ ဝယ်ယူစားသုံးနိုင်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group