#Local_News
Published 3 June 2024


▪️ ဇူလိုင်လအတွက် သင့်တင့်မျှတသည့် ဆန်ဈေးများ သတ်မှတ်‌ပေးထားပြီးပြန်လည်ရောင်းချသူများအနေဖြင့်  ယင်း သတ်မှတ်ဈေးထက် ၈ ရာခိုင်နှုန်းထက်ပိုပြီး ရောင်းချခွင့်မပြုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MSF)မှသိရသည်။

 

▪️ ထိုသို့သတ်မှတ်ရာတွင် ပြည်ပပို့ဆန်ကြမ်းများဖြစ်သည့်  ၅မှတ်နှင့် ၁၀မှတ်ရှိသည့် ဆန်တစ်အိတ်လျှင်ကျပ် ၇သောင်းခွဲမှ ရှစ်သောင်းရှစ်ထောင်ကျပ်၊ ၁၅မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၇သောင်းနှစ်‌ထောင်မှ  ရှစ်သောင်းလေးထောင်ကျပ်၊၂၅မှတ် ဆန်တစ်အိတ်လျှင် ကျပ်၇သောင်းခုနှစ်‌ထောင်မှ  ရှစ်သောင်းကျပ်စသည်ဖြင့် အသီးသီးသတ်မှတ်ထား ကြောင်းသိရသည်။

 

▪️ ပြည်ပတင်ပို့သည့် အပြင်ပြည်တွင်းစားသုံးသည့်  ဆန်များဖြစ်သည့်  ဧရာမင်း၊ ရက်၉၀၊ မဂျမ်းတောအပါအဝင်   ၅ မှတ်နှင့်၁၀မှတ် ဆန်တစ်အိတ်လျှင်ကျပ်ရှစ်သောင်းခွဲမှ တစ်သိန်းသုံးသောင်းကျပ်၊ ဧရာဝတီပေါ်ဆန်းအုပ်စုဆန်တစ်အိတ်လျှင်ကျပ်ကိုးသောင်းခွဲမှ တစ်သိန်းသုံးသောင်းကျပ်အထိနှင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်  ကျပ် ၁၃၅,၀၀၀မှ ၁၄၅,၀၀၀ကျပ် အထိဈေးနှုန်းအသီးသီးသတ်မှတ်ထားကြောင်း သိရသည်။

 

▪️ ဈေးရောင်းစင်တာ များတွင်  ရောင်းချရမည်ါ  သင့်တင့်မျှတသည့်  ဈေးနှုန်းများမှာ  ရွှေဘိုပေါ်ဆန်း1kg တစ်အိတ်လျှင် ကျပ် ၃၅၀၀ မှ  ၃၈၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်း 1kg တစ်အိတ်လျှင်  ကျပ် ၃၀၀၀ မှ  ၃၃၀၀ကျပ်၊ ရက်၉၀ /အထူးဧည့်မထ 1kg တစ်အိတ်လျှင်  ကျပ် ၂၂၀၀ မှ  ၂၅၀၀ကျပ်အထိဈေးနှုန်းသတ်မှတ်ထား ကြောင်းသိရသည်။

 

▪️ 2 kg , 5kg , 10kg , 12kg စသည့် အရွယ်အစားများဖြင့် ထုတ်ပိုးရောင်းချရာတွင်လည်း  အခြေခံသတ်မှတ်ပေးထားသည့်  1kgဈေးနုန်းကိုသာအခြေခံတွက်ချက်ရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ MSFက ဇူလိုင်လအတွက် သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် သတ်မှတ်ပေးထားသည့် ဆန်များကိုဈေးကွက်အတွင်းရောင်းချသည့် အခါမှာ သတ်မှတ်ထားသည့် သင့်တင့်မျှတသည့်ဈေးနှုန်းအပေါ် ၈ရာခိုင်နှုန်းထက်ပို၍ ရောင်းချခွင့်မပြုကြောင်း သိရသည်။

 

▪️ အဆိုပါ သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းတွက်ချက်ခြင်းသည် စိုက်ပျိုးသူများ၊ တောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊သိုလှောင်ဖြန့်ဖြူးရောင်းချသူများနှင့်  စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရန်တွက်ချက်ထားခြင်းဖြစ်ပြီး ယခင်နှစ်ဈေးနှုန်းများ၊နိုင်ငံတကာဈေးနှုန်းများ၊ပြည်ပဈေးကွက်ရှိအခြားကုန်ဈေးနှုန်းများ နှင့် ချင့်ချိန်ပြီးတွက်ချက်ထားကြောင်း သိရသည်။

 

▪️ Super Market များ၊mini Market များရှိ Consumer Packaging နှင့် Modern Trade ရောင်းချမှုများ အတွက် သီးခြားထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးများ ကိုသာအသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ဝယ်ယူရန်အခက်အခဲရှိပါက MSFသို ဆက်သွယ်ညှိနှိင်းဝယ်ယူနိုင် ကြောင်းသိရသည်။ သင်တင့်မျှတသည့် ဈေးနှုန်းဖြင့် မရောင်းချပါကစားသုံးသူရေးရာဦးစီးဌာနနှင့် MSFသို့ အသိပေးတိုင်ကြားနိုင်‌ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times