၄ ဒီဇင်ဘာ ၂၀၂၃

ရုရှားဖက်ဒရေးရှင်နိုင်ငံရဲ့ နိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai Platonovich Patrushev ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ၊သရေစည်သူဘွဲ့ကိုချီးမြှင့်လိုက်ပါတယ်။

နစက အမိန့်ကြော်ငြာစာအမှတ် ၂၄၀ / ၂၀၂၃ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဒီဇင်ဘာ ၄ရက်ရက်စွဲဖြင့် ယင်းကဲ့သို့ချီးမြှင့်ကြောင်း လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်နိုင်  ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့အတွက် အဆိုပါဂုဏ်ထူးဆောင်ဘွဲ့ကိုချီးမြှင့်တာဖြစ်ကြောင်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

Mr. Nikolai Platonovich Patrushev သည်  အသက် ၇၃နှစ်ရှိပြီး ရုရှားနိုင်ငံတွင် ဩဇာအရှိဆုံးနိုင်ငံရေးသမားများထဲတွင် ပါဝင်ပြီး သမ္မတဗလက်ဒီမာပူတင်၏ အားထားရသည့်အနီးကပ်မဟာမိတ်တစ်ဦးလည်းဖြစ်ကြောင်းသိရပါတယ်။ သူသည် ကေဂျီဘီ လုံခြုံရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် ဖက်ဒရယ်   တန်ပြန်    ထောက်လှမ်း   ရေးဌာန (FSK)တွင်  အဆင့်မြင့်ရာထူး နှင့် ဖက်ဒရယ်လုံခြုံရေးဌာန (FSB)တွင် အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဝီကီပီဒီယားမှာ ဖော်ပြထားပါတယ်။ Mr. Nikolai Platonovich Patrushev သည် ၂၀၀၈ခုနှစ်မှ ယခုတိုင် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ လုံခြုံရေးကောင်စီဥက္ကဋ္ဌမှာ ရုရှားသမ္မတ ဗလက်ဒီမာပူတင်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ သမ္မတနှင့် ဝန်ကြီးချုပ်ဟောင်း ဒီမစ်ထရီမက်ဗီဒက်ဗ်ဖြစ်ပါတယ်။

-ymg/knl