#Local_News
Publushed- 21 June 2023


မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ဖော်ဆောင်မည့် လေအားစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်မည့်စီမံကိန်း(၃)ခုအတွက် ရုရှားအခြေစိုက် Nova Wind JSC ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ Memorandum of Understanding (MOU)လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

 

MOU အရ မကွေးတိုင်းဒေသကြီးအတွင်း ၁၁၆ မဂ္ဂါဝပ်ထွက်ရှိမည့် မင်းလှစီမံကိန်းနှင့် ၅၆ မဂ္ဂါဝပ်ထွက်ရှိမည့် မင်းတုန်းစီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများကို ရုရှားကုမ္ပဏီ Nova Wind JSC နှင့် နိုင်ငံသားပိုင် Primus Advanced Technologies Limited (PRIMUS)တို့ ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

 

နောက်ထပ် လေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်သည့် ၂၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် ပုပ္ပါးလေအား လျှပ်စစ်စီမံကိန်းကို Nova Wind JSC နှင့် မြန်မာကုမ္ပဏီ Zeya & Associates တို့ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီးအတွင်းက ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်များတွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။

 

လေအားလျှပ်စစ်စီမံကိန်း ၃ ခုမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်ပေါင်း ၃၀၀ကျော် ထွက်ရှိမည်ဖြစ်ရာ ၎င်းစီမံကိန်းများဆောင်ရွက်ရန် ရုရှားအဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM အနေဖြင့် ယခုနှစ် မတ်လပိုင်းက  စီမံကိန်းအဆိုပြုလွှာ Project Proposal ကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ လာရောက်တင်ပြခဲ့သည်ဟု သိရသည်။


#Local_News #လေအားလျှပ်စစ်စီမံကိန်း ၃ ခု #ရုရှားကုမ္ပဏီများနှင့်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့ MOU ရေးထိုး #Yangon_Times/BM