#Local_News
Publised 12 March 2024


ရှောင်တခင်စစ်ဆေးမှုများအရ  နိုင်ငံခြားငွေရောင်း ဝယ်ရေးလိုင်စင်ရထားသူ(၄)ဦးသည် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေကိုမလိုက်နာ၍လုပ်ငန်းလိုင်စင် (၃)လပိတ်ပြီး အရေးယူလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။

 

လိုင်စင်(၃)လပိတ်ပြီး အရေးယူခံရသည့်လုပ်ငန်းများမှာ (၁) Thura Nay Tun (Fame money changer)(၂) Lead Star Money Changer (၃) Steber Group Money Changer (၄)  Asia Shwe Thee Money Changer တို့ဖြစ်သည်ဟု ဆိုသည်။

 

ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီမှဦး‌ဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊‌ စည်ပင်၊ ထွေအုပ်နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များမှ မတ်လ(၆)ရက်မှ(၈)ရက်အထိ ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများကို ကွင်းဆင်းစစ်ဆေးကာ အဆိုပါလုပ်ငန်း (၄)ခုလုပ်ကိုင်နေသူများသည် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေကိုလိုက်နာဆောင်ရွက်မှုမရှိသောကြောင့် ယင်းကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ဈေးကွက်နှင့်နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ် စေရေးအတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေပါအချက်များဖြင့် ကြပ်မတ်ထိန်း‌ကျောင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။

 

#Local_News #လိုင်စင်ရMoney Changer #လုပ်ငန်းလိုင်စင်(၃)လပိတ်ပြီးအရေးယူ #tthl #Yangon_Times