Published_15 Jun 2024
 
မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန်ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များကို လုယက်မှုနှင့် ခရီးသွားပြည်သူများအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်ခဲ့ကြ သော အမှုမှ တို့မှ ကျူးလွန်သူတရားခံ ၁၁ ဦး ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
 
ဇွန်လ ၁၂ ရက်ညပိုင်းတွင် မဟာမြိုင်(၂) ရပ်ကွက်၊ ၄၃ (အေ)လမ်း၊ ၆၁ လမ်းထောင့်ရှိ Royal Star စား သောက်ဆိုင်ရှေ့၌အမျိုးသား ၂ ဦးမှ လက်ပစ်ဗုံး ၁ လုံးနှင့် ဓားမြှောင် ၁ ချောင်းကိုင်ဆောင်၍ ဆိုင်ဝန်ထမ်း များအား ရန်ရှာခြိမ်းခြောက်နေကြောင်းသတင်းအရ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာမှ အထက်ပါအတိုင်း အဆင့်ဆင့် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ယင်းလက်ပစ်ဗုံးဖြင့်ဖောက်ခွဲရန်ခြိမ်းခြောက်ခဲ့သူ မှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ် ကွက်၊ ဒ-၉/၁၀၆ နေ ဝင်းမြိုင်(၅၆)နှစ် ကို MG-1 လက်ပစ်ဗုံး(၁)လုံး၊ အရိုး အသွား ၁၃ လက်မခန့်ရှိ ဓားအိမ်ပါဓားဦး ချွန်(၁)ချောင်းဖြင့်လည်းကောင်း၊ ဓားဦးချွန်ကိုင်ဆောင် ခြိမ်းခြောက်ခဲ့သူ ပုသိမ်ကြီး မြို့နယ်၊ မဲကင်းကုန်း ကျေးရွာရှိ အောင်မြေမန္တလာဝန်ထမ်းအိမ်ရာနေ ကျော်ဇေယျာ (၃၉)နှစ်ကို ဓားဦးချွန် ၁ ချောင်းဖြင့်လည်း ကောင်း ဇွန်လ ၁၃ ရက်နံနက် ၁ နာရီအချိန်တွင် ၎င်းတို့၏ နေအိမ်အ သီးသီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
 
ယင်းအပြင် မန္တလေးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်း ကျင်ရှိ မြို့နယ်များအတွင်း လုယက်မှုများ အကြိမ် ကြိမ် ကျူးလွန်ခဲ့သူ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး(ခ) ရှရစ်ဘိုင်(၃၂)နှစ်အား ဇွန်လ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲ အချိန် တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်၊ ဘုံးအိုးကျေး ရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။
 
စစ်ဆေးချက်အရ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး(ခ)ရှရစ်ဘိုင်သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များ အတွင်း စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များအတွင်း ခိုးမှုနှင့်လုယက်မှု ၂ မှုတို့ဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရဖူးသူဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် မေလအတွင်း ဖမ်းဆီးရန်ကျန်ရှိနေသူ ကျောက်ဆည်မြို့နယ်၊ လက်ပံကျေးရွာနေ မျိုးမင်းလတ် နှင့်အတူ အမရပူရမြို့နယ်အတွင်းရှိ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး ကျောက်စိမ်းဘုရားအနီး၊ စွယ်တော် ဘုရား အရှေ့ဘက် ပွဲရုံတိုက်တန်း အနီး၊ မြစ်ငယ်-စစ်ကိုင်းသွားကားလမ်းရှိ ကျောက်စိမ်းဘုရားအနီး၊ မြစ်ငယ်-အုန်း ချောသွား ကားလမ်းရှိ စိတ်ကျန်းမာရေးဆေးရုံအနီး၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ နတ်ရေ ကန် ကျေးရွာအနီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ တံခွန်တိုင် အဝိုင်း အနီး၊ ၇၃ လမ်းရှိ ယာယီကားကြီးကွင်းအနီး စုစုပေါင်းနေရာ(၇)ခုတို့တွင် ဆိုင်ကယ်စီးနင်း သွားလာသူများထံမှ ရွှေထည်ပစ္စည်းများ လုယက်မှု(၇)ကြိမ် ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရသည်။
 
ယင်းအမှုများမှ သက်သေခံ ပစ္စည်းများကို သိမ်းဆည်းနိုင်ရေးနှင့် အမှုမှဖမ်းဆီးရန် ကျန်တရားခံ မျိုးမင်းလတ် အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
အလားတူ ဇွန်လ ၂ ရက်နှင့် ၁၂ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် မဟာအောင် မြေမြို့နယ်တို့ရှိ Sky Mobile Phone အရောင်းဆိုင်နှင့် Paradise Mobile Phone အရောင်းဆိုင် တို့ ရှိ လက် ကိုင်ဖုန်းမျိုးစုံ ၂၅ လုံးကို ဓားရှည်များ ကိုင်ဆောင်အသုံးပြု၍ လုယက်ယူဆောင်ခဲ့သူများဖြစ်ကြသော ကျော်ဇင် ခန့် (ခ)ငပြူး(၂၀)နှစ်ကိုမဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၈လမ်း၊ ၆၉ လမ်းနှင့် ၇၀ လမ်းကြားရှိ နယူး ရွှေထိပ်တန်းတည်းခိုခန်း၊ အခန်းအမှတ် B-1 တွင်လည်းကောင်း၊ ဟိန်းမင်းစိုး (ခ)ဖိုးသား(၂၈)နှစ်၊ ကို ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား၊ ၁၁၂ လမ်းပေါ်ရှိ Maple တည်း ခိုခန်း၊ အခန်းအမှတ်(၃၀၅)တွင်လည်းကောင်း လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် I Phone အမျိုးအစား လက်ကိုင်ဖုန်း ၉ လုံး၊ Redmi A3 အမျိုးအစား လက်ကိုင်ဖုန်း ၇ လုံးနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားရှည် ၂ ချောင်း တို့နှင့်အတူ ဇွန်လ ၁၃ ရက် တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ယင်းတို့၏ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးမှ Mobile Phone အရောင်းဆိုင်များကိုလုယက်မှုကျူးလွန်စဉ် ဖမ်းဆီး ရန်ကျန် စဉ့်ကူး မြို့နယ်၊ လက်ပံ လှကျေးရွာနေ မိုးဆန်းအောင်(ခ)ပိစိ(၂၉)နှစ်က ဆိုင်ကယ်ဖြင့် လိုက်ပါပို့ ဆောင်ပေး ခဲ့ကြောင်းနှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများကိုအပေါင်ခံသူများဖြစ်ကြသည့် ရန်ကျော် (၃၄) နှစ်၊မောင်မောင်ချစ်(၂၉)နှစ်၊ဌေးမင်းသူ(၃၄)နှစ်တို့ နှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်း များကို ရောင်းချပေးသူများဖြစ်ကြသည့် ခိုင်ဇာလင်း(၂၀) နှစ်၊ သက်သက်ဦး (၁၆)နှစ်နှင့် ဖွေဖွေးလှိုင်(ခ)မျိုးသန္တာလှိုင် (၁၆)နှစ် တို့အား ယင်းနေ့ နေ့လယ် ၂ နာရီအချိန်တွင် ၎င်းတို့၏နေအိမ်အသီးသီး၌လည်းကောင်း ထပ်မံဖမ်း ဆီးရမိ ခဲ့ကြောင်း သိရသည်။
 
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ကျော်ဇင်ခန့်(ခ)ငပြူး၊ ဟိန်းမင်းစိုး(ခ)ဖိုးသားနှင့် ဖမ်းဆီးရန် ကျန် တရားခံ မိုးဆန်းအောင်(ခ)ပိစိတို့ ၃ ဦးသည် ဇွန်လအတွင်း မန္တလေးမြို့ပေါ် ရပ်ကွက်များ၌ ဓားထောက်၍ ဆိုင်ကယ်လုယက်မှု ၃ မှုကို ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး အဆိုပါ အမှုများမှ CZI အမျိုးအစား သက်သေခံဆိုင်ကယ် ၁ စီးကို သိမ်းဆည်းရမိခဲ့ကာ ကျန်သက်သေခံ ပစ္စည်းများအား ထပ်မံသိမ်းဆည်း ရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published 16 June 2024
#YMG #Yangon_Times #Yangon_Media_Group