#Local_News
Published_4 Sept 2024


▪️ MNDAA ၊TNLA နှင့် AA အဖွဲ့တို့ နှင့်ဆက်နွယ်နေသူများလည်း အကြမ်းဖက်အားပေးသူများဖြစ်ဟုနစက ဥက္ကဌက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး ဆိုင်ရာဆောင်ရွက်ထားရှိမှုများကို သွားရောက်စစ်ဆေးသည့်ယနေ့ စက်တင်ဘာလ ၃ ရက်တွင် ပြောကြားခဲ့သည်။

 

▪️ စက်တင်ဘာလ ၂ ရက်တွင် MNDAA လက်နက်ကိုင်သောင်ကျန်းသူအဖွဲ့၊ TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကိုနိုင်ငံတော်မှအကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့ပြီးဖြစ်သောကြောင့် ၎င်းတို့နှင့်ဆက်နွယ်နေသူများ အနေဖြင့်လည်း အကြမ်းဖက်မှုများကိုအားပေးနေကြသူများပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။

 

▪️ နစက ဥက္ကဌက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များလုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်း ရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေရန်၊နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးလုပ်ငန်းများကို ဆောင် ရွက်ရာတွင် လုံခြုံရေးနှင့်ပတ်သက်သည့်သတင်းများစဉ်ဆက်မပြတ်ရယူတည်ဆောက်ဆောင်ရွက်ရန် ၊အများ ပြည်သူသွားလာလျက်ရှိသည့်လမ်းတံတားများထိခိုက်ပျက်စီးမှုမရှိအောင် ဆောင်ရွက်နေရန်၊နယ်မြေဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ပေးရန်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ယခင်ကတည်းကပင် ငြိမ်းချမ်းရေး ရယူခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုများကို နိုင်ငံတော်၊တပ်မတော်နှင့်လက်တွဲဆောင်ရွက်နေခြင်းဖြစ်၍ ၎င်းတို့၏ ဒေသများအတွင်းအကြမ်း ဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုများကြောင့် နယ်မြေမငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

 

▪️ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် က အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် နယ်မြေအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေ လုံခြုံ ရေးနှင့် လမ်းတံတားများ လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု များ ဖြစ်ပေါ်ခဲ့ သည့် လွိုင်ကော်မြို့နှင့် အခြားမြို့ များကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ နယ်မြေ လုံခြုံရေးလုပ်ငန်းများဆောင် ရွက် စဉ် PDF အမည်ခံအကြမ်းသမားများထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိမှုနှင့် PDF များ အမည်ခံအ ကြမ်းဖက်သမားများ အလင်းဝင်ရောက်လာမှု၊ တရားမဝင်သစ်များ ဖမ်းဆီး ရမိမှု အခြေအနေများ ကို နစက ဥက္ကဌအား ရှင်းပြခဲ့ကြောင်းလည်း သိရသည်။

#Yangon_Times/PP