၂၂ ဧပြီ ၂၀၂၅

မြန်မာနစကအစိုးရနှင့် ကိုးကန့် MNDAA နှစ်ဖွဲ့စလုံးကဖိတ်ခေါ်တဲ့အတွက် အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံမြောက်ပိုင်းလားရှိုးသို့ စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံက အတည်ပြုပါတယ်။

လားရှိုးမြို့ ပြန်လည်လွှဲပြောင်းပေးမှုအပေါ် မီဒီယာရဲ့မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မစ္စတာ ကွမ်ကျားကွင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ မြန်မာတပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲမှုကိုကြီးကြပ်ပြီး လာရှိုးရဲ့ မြို့ပေါ်ဒေသ ချောမွေ့စွာ လွှဲပြောင်းမှုကို ကိုယ်တိုင်မျက်မြင်တွေ့ရမှာဖြစ်ပါတယ်လို့ သူကဆက်ပြော  ပါတယ်။

မြန်မာအစိုးရနှင့် ကိုးကန့်ရဲ့ Myanmar National Democratic Alliance Army (MNDAA)တို့အကြား ကူမင်းမှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို အကောင် အထည်ဖော်ဖို့  နှစ်ဖွဲ့စလုံးက ဖိတ်ခေါ်ခဲ့တာလို့လည်း ဆိုပါတယ်။

လားရှိုးမြို့ပေါ်ကနေ MNDAA ဆုတ်ခွာသွားပြီး တပ်မတော်ဝင်ရောက်လာမှုတွေနှင့် တရုတ်ရဲ့ အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့လည်းရောက်ရှိနေတယ်လို့ ယခုရက်ပိုင်းတွင် ဆိုရှယ်မီဒီယာများ တွင် သတင်းများပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

#ymg/knl