#Local_News
Published_25 July 2024

 

▪️ MNDAA က လားရှိုးမြို့အခြေစိုက်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားသည်ဆိုသောသတင်းမှာ မဟုတ်မှန်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအား ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

 

▪️ MNDAA ဦးဆောင်သော အဖွဲ့များက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ပြီဟု သတင်းများ ထုတ်ပြန်ရေးသားနေမှုအပေါ် ယင်းက အထက်ပါအတိုင်းတုန့်ပြန် ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

 

▪️ လက်ရှိတွင် လားရှိုးမြို့စွန်ရပ်ကွက်များသို့ သောင်းကျန်းသူများ စိမ့်ဝင်လာသောကြောင့် လိုက်လံရှင်း လင်းနေကြောင်းလည်း သိရသည်။

 

▪️ တရုတ်၏တောင်းဆိုချက်အရ အပစ်အခတ်ကို ဇူလိုင်လကုန်ထိရပ်မည်ဟု MNDAA က ကြေညာချက်တစ်ခုကို ဇူလိုင်လ ၁၉ ရက် ရက်စွဲဖြင့် ဒုတိယအကြိမ်ထုတ်ပြန်ခဲ့သေးသည်။

 

▪️ ယင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်ကို တက်ကြွစွာတုံ့ပြန်ရန်အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

#Yangon_Times/PP