#Local_News

Published 13 May 2025

▪️ ယနေ့ မနက်အစောပိုင်း၌ ‌ပြင်ဦးလွင်အနီးအပါအဝင်ဒေသသုံးခု၌ မြေငလျင်ငယ် လေးကြိမ် လှုပ်ခတ် ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာမှ သိရသည်။

▪️ ထိုသို့လှုပ်ခတ်ရာတွင် ယနေ့မနက် မြန်မာစံတော်ချိန် ၀၀:၅၄ နာရီအချိန်က မန္တလေးမြို့မှအရှေ့တောင်ဘက်၊ ကျောက်ဆည်အရှေ့မြောက်ဘက် ၁၆ မိုင်ကျော်၊ စဉ့်ကိုင်အရှေ့ဘက် ၁၄ မိုင်အကွာ မြေအောက်ဒေသအနက် ၆ မိုင်‌ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၃.၉ အဆင့်မြေငလျင်ငယ်  လှုပ်ရှားခဲ့ကြောင်း ၊ယင်းမြေငလျင်ငယ်လှုပ်ရှားမှုကြောင့် မန္တလေးမြို့မှာ light shake မြေတုန်ခါမှုများ‌စွာ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

▪️ ထို့အပြင် ယနေ့မနက် မြန်မာစံတော်ချိန် ၂နာရီ၂၃  မိနစ် အချိန်က မဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ အနောက်တောင်ဘက်ပိုင်း ၇ မိုင်ကျော်အကွာက အုတ်တွင်းအနီး မြေအောက်ဒေသအနက် ၆ မိုင်‌ကျော်မှ မဂ္ဂနီကျု ၂.၉  နှင့် ၂.၈ အဆင့်မြေငလျင်ငယ် ၂ ကြိမ် ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း သိရသည်။

▪️ ထို့အပြင် ယနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီ၅၁ မိနစ် အချိန်က မန္တလေးမြို့မှအရှေ့ဘက်၊ ကျောက်ဆည်အရှေ့မြောက်ဘက် ၂၂ မိုင်ကျော်၊ ပြင်ဦးလွင်မြို့မှအနောက်တောင်ဘက် ၁၆ မိုင်အကွာ ရတနာပုံနည်းပညာမြို့သစ်အနီး မြေအောက်ဒေသအနက် ၆ မိုင်‌ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၃.၈ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ ကြောင်း သိရသည်။

#YMG/NN #Yangon_Times