#Local_News
Published_ 23 May 2024

▪️ မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပရန်ရှိသည့် Miss Grand International 2024 ပြိုင်ပွဲ မြန်မာနိုင်ငံတွင်မကျင်းပဖြစ်‌တော့ဟု  Miss Grand Internationalအဖွဲ့ကြီးက ယနေ့မေလ(၂၃)ရက်၌ တရားဝင်ကြေညာလိုက်ကြောင်းသိရသည်။

 

▪️ Miss Grand International အဖွဲ့ကြီးက မြန်မာနိုင်ငံတွင် Miss Grand International 2024 ကို ကျင်းပတော့မည် မဟုတ်ကြောင်း တရားဝင် ကြေငြာလို ကြောင်း၊ ယခုလာမည့်အောက်တိုဘာလတွင် အိမ်ရှင်နိုင်ငံအကြောင်း တရားဝင်သတင်းများကို စောင့်မျှော်ကြည့်ရှုရန် ထုတ်ပြန်ထားသည်။

 

▪️ မကျင်းပဖြစ်ရသည့် အဓိကအကြောင်းရင်းကိုတော့ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

 

▪️ Grand Beauty Queen Pageမှာတော့ "Miss Grand International 2024 Myanmar နိုင်ငံမှာ အိမ်ရှင်အဖြစ် မပြုလုပ်တော့တဲ့အတွက် သဲသဲအတွက်ပိုပြီး တာဝန်ကြီးလာပါပြီ ဒီထက်မကလဲ ပိုပြီးကြိုးစားပြရတော့မယ် မြန်မာမှာမပြုလုပ်တော့တဲ့အတွက် သဲသဲအတွက်ကောင်းဒါတွေလဲရှိပါတယ် အကယ်၍ မြန်မာမှာ ပွဲလုပ်ပြီး Top 5 သို့မဟုတ် Winner ရခဲ့သည်ရှိသော် အိမ်ရှင်မို့လို့ အဲလို့အခွင့်အရေးရဒါလို့ ကဲ့ရက်တိုက်ခိုက်တဲ့သူတွေတော့ရှိနေလိပ်မယ်သဲသဲ အကောင်းအဆိုးတွေတော့ရှိပါတယ် ဘယ်နိူင်ငံမှာပဲ့ဖြစ်ဖြစ် မြန်မာကဘာဆိုဒါပြပြီး မမနီနီလိုမျိုး မလျှော့သောဇွဲနဲ့ အကောင်းဆုံးကြိုးစားပြီး Gold Crown ကြီးကိုယ် ယူလာပြလိုက်ပါ သဲသဲနောက်မှာ မြန်မာတစ်နိူင်ငံလုံးရှိနေပါတယ် We Love" ဟုဖော်ပြထားသည်။

 

▪️ အဆိုပါ Miss Grand International 2024 တွင် မြန်မာကိုယ်စားပြုအလှမယ်အဖြစ် သဲစုငြိမ်းက ပါဝင်ယှဉ်ပြိုင်ရန်ရှိပြီး ယခင်နှစ်က မြန်မာ အလှမယ် နီနီလင်းအိမ်မှ 1st Runner's upဆုရှင်အဖြစ် နိုင်ငံဂုဏ်ကိုဆောင်ခဲ့ကြောင်း သိရသည်။

 

#tthl #Yangon_Times