#Local_News
Published_ 19 August 2024


▪️ Mi Mi Motors ကုမ္ပဏီက ညောင်တုန်းမြို့နယ်၌ လျှပ်စစ်စက်ဘီးနှင့် သုံးဘီးဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်နေပြီး ယခုအခါ E-Bike (MI. Bike 10 series) များကို စမ်းသပ်ထုတ်လုပ်နေပြီး ဈေးကွက်အတွင်း တင်ပို့ရောင်းချနေကြောင်း သိရပါတယ်။

 

▪️ Mi Mi Motors အနေဖြင့် E-Bike (MI. Bike 10 series) ၊ နှစ်ဘီးဆိုင်ကယ် (MI. Bike 20 series) ၊ နှစ်ဘီးဆိုင်ကယ် (MI. Bike 30 series) နှင့် သုံးဘီးဆိုင်ကယ် MI.(MET) series များကို ထုတ်လုပ်ရောင်းချသွားရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။

 

▪️ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ဇီးဖြူကျွန်းကျေးရွာရှိ MiMi Motors ကုမ္ပဏီ၌ လျှပ်စစ်စက်ဘီး(E-Bike)နှင့် သုံးဘီးဆိုင်ကယ်များကို ဘက်ထရီကြိုးနှင့် မိန်းကြိုးတပ်ဆင်နေမှု၊ ကာဗာတပ်ဆင်နေမှု၊ လက်ကိုင်ကိုင်းတပ်ဆင်နေမှု၊ ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုတို့ကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဩဂုတ် (၁၇) ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

▪️ ကုမ္ပဏီမှ ဝန်ထမ်းများက လျှပ်စစ်စက်ဘီး (E-Bike) နှင့် သုံးဘီး ဆိုင်ကယ်တို့အား စီးနင်းမောင်းနှင်ပြသခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုများနှင့် လျှပ်စစ်သုံးနှစ်ဘီး၊ သုံးဘီးဆိုင်ကယ်အမျိုးအစားများ ထုတ်လုပ်ဆောင်ရွက်နေမှုများ၊ လျှပ်စစ်စက်ဘီးနှင့် နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များ ထုတ်လုပ်အသုံးပြုခြင်းအားဖြင့် စက်သုံးဆီ သုံးစွဲမှုကို လျှော့ချနိုင်ပြီး ကျောင်းသား၊ ကျောင်းသူများအပါအဝင် အသက်အရွယ်မရွေး လွယ်ကူစွာ သုံးစွဲနိုင်ကြောင်း သိရပါတယ်။

 

#Ymg_mnn #Yangon_Media_Group