Published 15 December 2023

မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက် အရ မလေးရှားနိုင်ငံ သို့ လာရောက်မည့် မြန်မာနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသားများအားလုံးသည် မလေးရှားနိုင်ငံသို့မရာက်မီ Malaysia Digital Arrival Card(MDAC)ကို ကြိုတင် ဖြည့်စွက် လျှောက်ထားရမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၏ အသိပေး ကြေညာချက်အရ သိရသည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာ၁ရက်က စပြီး Malaysia Digital Arrival Card(MDAC) ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ website https;//imigresen- online.imi.gov.my/mdac တွင်ဖြည့်စွက် လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ လာရောက်မည့်သူများ ဖြည့်စွက်ရမည့် MDAC စနစ်ကို ၃၁ရက် ဒီဇင်ဘာအထိ ကနဦး အကောင်ထည်ဖေါ် ကာလအဖြစ် သတ်မှတ်၍ လျော့ပေါ့ထားသဖြင့် မလေးရှားသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်ကစပြီး မလေးရှားသို့မရောက်ရှိ မီ MDAC ဖြည့်စွက်ခြင်းကို အွန်လိုင်းမှ မဖြစ်မနေ ကြိုတင်ပေးပို့လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ လျှောက်ထားမှုကို သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ၊မလေးရှားတွင် အမြဲနေထိုင်ခွင့်နှင့် ကာလရှည်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများကို MDAC ဖြည့်စွက် လျှောက်ထားစရာ မလိုကြောင်းသိရသည်။
Yangon-Times/LW
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group