#LocalNews

Published - 20 Nov 2021

MAI နှင့် Air KBZ တို့က အကျိုးတူပူးပေါင်း၍ E190 လေယာဥ်များဖြင့် တနင်္သာရီလေကြောင်း ခရီးစဉ်များကို နိုဝင်ဘာ ၁၉ ရက်မှ စတင်၍ ပြန်လည် ပြေးဆွဲပေးနေပြီလို့ အဆိုပါ လေကြောင်းလိုင်းများ၏ ကြေညာမှုအရ သိရပါတယ်။

ထိုသို့ ပြေးဆွဲရာတွင် ရန်ကုန်-ထားဝယ်၊ ရန်ကုန်-မြိတ် လေကြောင်းခရီးစဉ်များကို (နိုဝင်ဘာ ၁၉ ရက်)မှစ၍ လည်းကောင်း၊ ရန်ကုန်-ကော့သောင်း ခရီးစဉ်များကို အခု နိုဝင်ဘာ ၂၁ ရက်မှစ၍ လည်းကောင်း နေ့စဉ်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းသို့ ပြေးဆွဲရာတွင် ရန်ကုန်-ထားဝယ်-ကော့သောင်း-ထားဝယ်-ရန်ကုန်ခရီးစဉ်များကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့များတွင်လည်းကောင်း၊ ရန်ကုန်-ထားဝယ်-ရန်ကုန်တိုက်ရိုက်ခရီးစဉ်ကို အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့များတွင် လည်းကောင်း၊ ထားဝယ်-ကော့သောင်းခရီးစဉ်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် လည်းကောင်း E190 လေယာဉ်များဖြင့် ပြေးဆွဲသွားမှာဖြစ်တယ်လို့ အဆိုပါလေကြောင်းလိုင်းများက ကြေညာထားပါတယ်။

ဓါတ်ပုံ - MAI

#Yangon_Media_Group