Published_ 27 January 2024

ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(ACMECS)အဖွဲ့အတွက် Logo Design ပြိုင်ပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ အသက်(၁၅) နှစ်နှင့်အထက်  မြန်မာနိုင်ငံသားများ တစ်ဦးချင်း သို့မဟုတ်အဖွဲ့လိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟုဆိုသည်။

ဆုကြေးအနေဖြင့် ပထမဆု အမေရိကန်ဒေါ်လာ ၁,၀၀၀/-၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၅၀၀/- နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၅၀၀/- ချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့   Logo Design ၏ Theme မှာ “ACMECS as an adaptive and forward -looking sub-regional cooperation framework and connector with other sub-regional and regional frameworks towards a prosperous and sustainable Mekong sub-region” ဖြစ် သည်။ ပြိုင်ပွဲလျှောက်လွှာများကို ACMECS Interim Secretariat ၏ အီးမေးလ် acmecs. sec@ gmail.com သို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပေးပို့လျှောက် ထားနိုင်‌ကြောင်းသိရသည်။

အက်ခ်မက် Logo Design ပြိုင်ပွဲဝင်သူများ သိရှိလိုက်နာရန်နှင့် နည်းပညာဆိုင်ရာ အဓိကအချက်အလက်များကိုသတ်မှတ်ထားပြီး ယင်းအချက်များကိုလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group