#Local_News
Published 26 June 2024


▪️ မန္တလေး၊ အမရပူရမြို့နယ်၊ စစ်ကိုင်း - မြစ်ငယ်ဖြတ်လမ်း(ဒွေးလမ်း)ကမ္ဘဲ့ကျေးရွာအနီး တွင် Light Truck ယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေးသစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)ထံမှ သိရသည်။

 

▪️ ဇွန်လ ၂၆ မနက် ၉နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ကာ ယာဉ်တိုက်မှုကြောင့် ခေါင်းခန်းတွင်ယာဉ်မောင်းအမျိုးသားမှာ ညှပ်မိနေကြောင်း သိရသည်။

 

▪️ အဆိုပါ ယာဉ်ပေါ်တွင်ညှပ်မိနေသူကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှအရေးပေါ် ရှာဖွေကယ်ဆယ်ရေးယာဉ် သွားရောက်ကူညီခဲ့ရာ ၉နာရီ ၅၀ မိနစ် တွင် လူနာအား Hydraulic စံနစ်သုံး ကယ်ဆယ်ရေးပစ္စည်းများအသုံးပြုကာ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times