၁၃ စက်တင်ဘာ ၂၀၂၄

နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းရေကြီးနစ်မြုပ်မှုတွေကြောင့်  ယခုအချိန်အထိ လူပေါင်း (၃၃)ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေသော မြို့နယ်ပေါင်း ၃၄ မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦး ရှိကြောင်းနှင့်  ယင်းတို့အတွက် ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ရေဘေးဒဏ်သင့်ဒေသများအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးရရှိအောင် ကြပ်မတ် ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရှိရပါတယ်။

@ymg/knl