၂၁ စက်တင်ဘာ ၂၀၂၄

အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်ဖြစ်တဲ့ မဏိပူရပြည်နယ်မှာ  မြန်မာနိုင်ငံဘက်ကနေ ကူကီးသူပုန် ၉၀၀ ခန့် အလုံးအရင်းနှင့်ဝင်လာမယ်လို့ ထောက်လှမ်းရေးသတင်းတွေရရှိထားလို့  အဆင့်မြင့် တပ်လှန့်  နှိုးဆော်ထား ရတယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက သောကြနေ့က ပြောပါတယ်။

မဏိပူရပြည်နယ်လုံခြုံရေးအကြံပေး ကူဒီယတ်ဆင်းက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပြီး  ကူကီးသူပုန်တွေနှင့်ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို ထောက်လှမ်းရေးအဖွဲ့တွေအမျိုးမျိုးထံ ပေးဝေထားပြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။

၂၀၂၃ မေလကစပြီး လူအများစု မေတေးနှင့် လူနည်းစု ကူကီးတွေအကြား စီးပွားရေးနှင့် ခွဲတမ်းကိစ္စတွေ မပြေမလည်ဖြစ်ကြရာကနေ အကြမ်းဖက်မှုတွေဖြစ်လာနေတာကို မဏိပူရကပါ လာအမှုပတ်နေရတာ ဖြစ်ပါတယ်။

မဏိပူရတောင်ပိုင်းမှာ အခြေချနေထိုင်ကြတဲ့ ကူကီးလူမျိုးတွေဟာ မြန်မာနိုင်ငံက ချင်းလူမျိုးနွယ်စုဝင် တွေဖြစ်ကြပါတယ်။

ကူကီးတွေဟာ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့ နောက်ဆုံးထောက်လှမ်းရေ သတင်းတွေရရှိပေမယ့် ကူကီးကိုယ်စားလှယ်တွေကတော့ ဒီသတင်းဟာ မဟုတ်ဘူးလို့ ငြင်းဆိုထားကြ ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် မေတေးဆန္ဒပြသူတွေဟာ အင်ဖာမှာ အကြီးအကျယ် စုဝေးမှုတွေပြုလုပ်ခဲ့ကြပြီး ကူကီသူပုန်တွေကို အရေးယူပေးဖို့ တောင်းဆိုလာကြပါတယ်။

မငြိမ်မသက်မှုတွေကို နှိမ်နှင်းနေတဲ့ကြားထဲက ဒီလစောစောပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်မေလကစပြီး ယခုထက်ထိ  ပဋိပက္ခကြောင့် လူ ၂၃၇ ဦးသေဆုံးခဲ့ပြီး လူ ခြောက်သောင်းခန့်ဟာ လူဦးရေ ၃.၂သန်းရှိတဲ့ မဏိပူရထဲကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က အိန္ဒိယအစိုးရက ကာလရှည်မူဝါဒတစ်ခုဖြစ်တဲ့ ဗီဇာမလိုနယ်စပ်ဖြတ်ကျော်ခွင့်ကို ဖျက်သိမ်းခဲ့ပြီးနောက် အိန္ဒိယရူပီး ၃၁၀ ဘီလျံကုန်ကျမယ့် နယ်စပ်စည်းရိုးကာမယ့် အစီအစဉ်ကို ကြေညာ ခဲ့ပါတယ်။

အဲဒီအရေးယူဆောင်ရွက်ချက်ကို နယ်စပ်ဖြတ်ကျော်သွားလာနေကြတဲ့ ကူကီးအုပ်စုတွေက ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။

မဏိပူရမှာ မျိုးနွယ်စုနှစ်ခုဟာ နယ်မြေပိုင်းခြားနေထိုင်နေကြပါတယ်။ မေတေးတွေဟာ တောင်ကြားတွေ မှာ ထိန်းချုပ်ထားကြပြီး ကူကီးတွေကတော့ တောင်ပေါ်မှာ ကြီးစိုးနေကြပါတယ်လို့ သိရပါတယ်။

Source BKK Post