၂၇ နိုဝင်ဘာ ၂၀၂၄

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ရန် ICC ရှေ့နေချုပ်ဆိုသူက လျှောက်ထားမယ်လို့ ထွက်ပေါ်နေတဲ့ သတင်းများနှင့်ပတ်သက်၍ နစက အစိုးရက တရားဝင်ပယ်ချလိုက်ပါတယ်။

“ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ” လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက် သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံး  လျက်ရှိတယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန်တဲ့ နိုင်ငံတကာသတင်းများတွင် ၂၀၁၇ ခုနှစ်အတွင် ဘင်္ဂါလီတွေအပေါ်  ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အေအေခန် Karim A.A Khan က တရားရုံးကိုလျှောက်ထားခဲ့တယ်လို့ ရေးသားခဲ့ကြတာဖြစ်ပါတယ်။

ကာရင်အေအေခန်ဟာ ပါကစ္စတန်သွေးပါတဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး  ICC မှာ သူ့လက်ထောက် အမျိးသမီး   ဝန်ထမ်းတစ်ဦးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်လို့ အတိုင်အတန်းခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

@ymg/knl