#Local_News
Published_ 4 March 2024


နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးကိုမြှင့်တင်ရန်ရည်ရွယ်ပြီး ဂျာမနီနိုင်ငံမှပေးအပ်မည့်၂၀၂၄ ခုနှစ်အတွက် International Co-Production Fundကို  လျှောက်ထားနိုင်ပြီဖြစ်ကြောင်း Goethe institut Myanmarမှသိရသည်။

 

International Co-Production Fund လျှောက်လွှာတွေကို ယခုရက်ပိုင်းမှ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ အထိ တစ်နှစ်ပတ်လုံး တင်သွင်းနိုင်သည်ဟုဆိုသည်။

 

International Co-Production Fund ကို 2024 ခုနှစ်တွင် စတင်လုပ်ဆောင်မည့် နိုင်ငံတကာ ပရောဂျက် (ပရောဂျက်ကြာမြင့်ချိန် အများဆုံး 24 လအထိ ကြာနိုင်သည်) အစီအစဥ်များ အတွက် ရန်ပုံငွေရရှိရန် လျှောက်ထားနိုင်မည်ဖြစ်ပြီး

 

မြန်မာနိုင်ငံမှ ပူးတွဲထုတ်လုပ်သူမှ မိမိတိုရဲ့ ပရောဂျက်မစတင်မီ အနည်းဆုံး ၃ လအလိုတွင် ပရောဂျက်လျှောက်လွှာကို တင်သွင်းရမည်ဖြစ်ကြောင်း အသိပေးထားကြောင်း သိရသည်။

 

ယင်းပရော်ဂျက်သည် နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးတွင် ပူးပေါင်းလုပ်ဆောင်သည့် လုပ်ငန်းစဉ်များနှင့် ဆန်းသစ်သော ထုတ်လုပ်မှုများကို မြှင့်တင်နိုင်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာအခြေအနေများတွင် ကွန်ရက်အသစ်များနှင့် အလုပ်ပုံစံများဖန်တီးခြင်းကို ပံ့ပိုးပေးပြီး ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းအသစ်များကို စမ်းသပ်ရန် ၎င်းတို့မှ ပံ့ပိုးခြင်းဖြစ်ကြောင်း သိရသည်။

 

#Local_News #(IKF) Fund #ပူးတွဲထုတ်လုပ်သူများလျှောက်ထားနိုင် #tthl #Yangon_Times