13 June 2024

၂၀၂၅ အာရှယူ-၁၇ ခြေစစ်ပွဲမြန်မာယူ-၁၆ အသင်းအုပ်စု (I) တွင်အိမ်ရှင်ဗီယက်နမ်ဖြင့် တစ်အုပ်စုထဲကျရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှသိရသည်။

အာရှယူ-၁၇ ခြေစစ်ပွဲကို  ၂၀၂၄ ခုနှစ် အောက်တို ဘာ  ၁၉ မှ ၂၇ ရက်အတွင်း ကျင်းပရန် စီစဉ်ထားပြီး ခြေစစ်ပွဲ အုပ်စု (I) ကို အိမ်ရှင်အဖြစ် ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပမည်ဖြစ်သည်။

ခြေစစ်ပွဲကို အုပ်စု (၁၀) စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု ပထမရရှိသည့် ၁၀ သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရသည့် (၅) သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆော်ဒီအာရေဗျ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည်  အုပ်စုပွဲစဉ်များအတွက် ယှဉ်ပြိုင်ရာတွင် ၂၀၂၅ အာရှယူ- ၁၇ ခြေစစ်ပွဲ အုပ်စု (I) တွင် ယီမင်၊ ဗီယက်နမ်၊ ကာဂျစ္စတန်အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်ဟုဆိုသည်။
Yangon_Times/tthl
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group