#Local_News
Published 9 July 2024

▪️ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ်သန်းပေါင်း ၅,၉၀၀ ဖြင့် Hyper Market တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော်ဘုရားအနီးရှိ ယင်းဈေးသစ်တည်ဆောက်မည့်မြေနေရာတွင်  ဇူလိုင်လ ၄ ရက်က ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပြီးဖြစ်ကာ ဈေးသစ်ကြီးကို Kayin State Development(Public) ကုမ္ပဏီလီမိတက်၏ဦးဆောင်မှုဖြင့် အောင်ငွေဖူး ကုမ္ပဏီ လီမိတက်က မြေဧရိယာ ၃ ဒသမ ၆၄၂ ဧကပေါ်တွင် ၂၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့် လူနေဆိုင်ခန်း ၁၀ လုံး၊ ၃၀ ပေ x ၅၀ ပေ x RC ၂ ထပ် အဆင့်မြင့်လူနေဆိုင်ခန်း ၁ လုံး၊ ၁၀၀ ပေ x ၁၀၀ ပေ x RC ၄ ထပ် Hyper Market အဆောက်အဦများကို တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ဈေး၌  ဆိုင်ခန်းပေါင်း ၁၆၄ ခန်း ပါဝင်ရာ စိတ်ပါဝင်စားသူများအနေဖြင့်  မိမိကြိုက်နှစ်သက်ရာ ဈေးဆိုင်ခန်းများကို ဦးရာလူ စနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

#YMG/ NN #Yangon_Times