#Local_News
Published 27 August 2024


▪️ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၁၁၀ ဦးအား ရနောင်းမှကော့သောင်းမြို့သို့ ရေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ အဆိုပါ မြန်မာနိုင်ငံသားများတွင် ကလေးနှစ်ဦးအပါအဝင် အမျိုးသား ၈၆ ဦးနှင့် အမျိုးသမီး ၂၂ ဦးတို့ပါဝင်ပြီး ၎င်းတို့သည်ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းခရိုင်တွင် ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်ပြီး အများစုမှာ တရားမဝင်ဝင်ရောက်မှုကြောင့် ပြစ်ဒဏ်ကျခြင်းဖြစ်ကြောင်း၊ ၄င်းတို့သည်ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ တဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ဩဂုတ် (၂၆)ရက်က  ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

 

ထို့အပြင် သက်ဆိုင်ရာမှ ပြန်လည်ဝင်ရောက်လာသူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် လိုအပ်သည်များ စစ်ဆေး၍ ၎င်းတို့ နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times