#Local_News
Published 19 August 2024


▪️ သရုပ်ဆောင်ထပ်ဆင့်အကယ်ဒမီရန်အောင်၏ မိခင်သည် ယနေ့ဩဂုတ်လ(၁၉)ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။

 

▪️ အကယ်ဒမီရန်အောင်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင်"မာတာမိခင်ကြီး အေးချမ်းစွာချုပ်ငြိမ်းသွားလေပြီ.... ၁၂:၄၃ မိနစ်၁၉ရက် တနင်္လာနေ့ နံနက်"လို့ ရေးသားဖော်ပြထားသည်။

 

▪️ ရန်အောင်၏မိခင်ကြီးကွယ်လွန်အနိစ္စရောက်သွား၍ မိသားစုနှင့်အတူထပ်တူဝမ်းနည်းကြေကွဲဖြစ်ရသည့်အကြောင်းကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌ ဦးအေးကြူလေးကလည်း ရေးသားထုတ်ပြန်ထားသည်။

 

▪️ အကယ်ဒမီရန်အောင်၏ မိခင်ကြီးသည်အသက် (၉၂) နှစ်ကျော်ရှိပြီဖြစ်ပြီး နာမကျန်းဖြစ်၍ဆေးရုံ တင်ထားရာမှ ဆုံးပါးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times