#Local_News
Published 31 August 2024


▪️ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ရဲ့ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာလ ၁၀ ရက်မှ စတင်၍ ၈ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်၊၊

 

▪️ အဆိုပါ သမိုင်းဝင် ဖောင်တော်ဦး စေတီတော်၏  ဗုဒ္ဓပူဇနိယပွဲတော်ကိုနှစ်စဉ် တော်သလင်းလ တိုင်း ကျင်းပလေ့ရှိရာယခုနှစ်တွင် စက်တင်ဘာလ ၁၀ ရက် မှ  ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

 

▪️ ထိုသို့ကျင်းပရာတွင် တော်သလင်းလဆန်း ၈ ရက်နေ့တွင် ဖောင်တော်ဦးစေတီတော်ကို ဘုရားအနေကဇာတင်ခြင်း၊ သံဃာတော်များကို ဆွမ်းနှင့်လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းသပိတ်လောင်းလှူပွဲများကို ကျင်းပသွားမည့်အပြင် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ၊ ခြင်းအလှခတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ပွဲစျေးတန်း စျေးအရောင်းဆိုင်များ၊ အရောင်းပြခန်းများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

#YMG/NN #Yangon_Times