#Local_News
Published 26 July 2024


▪️ ရန်ကုန် - နေပြည်တော်အမြန်လမ်းမကြီး၌ Hondafit ယာဉ်မှ Guard railတန်းအား တိုက်မိပြီးနှစ်ဦး ‌ေ-သဆုံး၊ တစ်ဦးဒ-ဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဖြစ်စဉ်မှာ၂၆ ရက်နေ့၊ မနက်၆ နာရီ ၂၀မိနစ် အချိန်ခန့်က ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၁/၀ အနီးတွင် Hondafit အမျိုးအစား( အနက်ရောင်)ယာဉ်သည် Guard rail တန်းအားတိုက်မိပြီး ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

 

▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး အနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၂)ဦး (သေဆုံး)တို့အား ဆွာနာရေးလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

 

#YMG/NN #Yangon_Times