Published_ 05 October 2023

စင်ကာပူတွင်ကျင်းပသည့် HALL OF FAME Singapore 2023 (HOFS Award)ပွဲကြီးတွင် မြန်မာနိုင်ငံမှ သရုပ်ဆောင်၊မော်ဒယ်ပိုင်တံခွန်The Iconic Figure of Social Media Awardဆုဆွတ်ခူးခဲ့ကြောင်းသိရသည်။

အဆိုပါပွဲသို့ နိုင်ငံတကာမှနာမည်ကြီး အနုပညာရှင်များလည်းတက်ရောက်ခဲ့ပြီး မြန်မာအနုပညာရှင်၊ ထိုင်းနိုင်ငံ အနုပညာရှင်အပါအဝင် HOFS Awardဆုရရှိခဲ့သူစုစုပေါင်း(၉)ဦးရှိခဲ့သည်။

အခမ်းအနားတွင်ပိုင်တံခွန်က‘‘ ကျွန်တော့်အနေနဲ့ဒီHOFS Awardပွဲကြီးမှာ The Iconic Figure of Social Media Award၂၀၂၃ဆုကို မြန်မာcelebityတစ်ယောက်အနေနဲ့ ပထမဦးဆုံးရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။

ကျွန်တော့်ကိုဖိတ်ခေါ်တဲ့သူတွေ၊ဆုရရှိရေးအတွက်ဆောင်ရွက်ပေးသူတွေနဲ့ ကျွန်တော့်ရဲ့ ပရိတ်သတ် fanတွေ၊ မိသားစုဝင်တွေနဲ့ supportပေးသူတွေကိုကျေးဇူးတင်ပါတယ်။

သူတို့ရဲ့ အားပေးမှု၊ချစ်ခင်မှု၊voteပေးမှု တွေမရှိဘူးဆိုရင် ဒီလိုမျိုးရလာဒ်ကောင်းတွေရလာဖို့မဖြစ်နိုင်ပါဘူး။

ဒီဆုရရှိတာဟာ မြန်မာcelebityတွေဟာ အခြားနိုင်ငံသားတွေလိုပဲလုပ်ဆောင်နိုင်တယ်ဆိုတာကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်’’ဟု ပိုင်တံခွန်က အင်္ဂလိပ်ဘာသာဖြင့် ဆုယူစဉ်ပြောကြားခဲ့သည်။
Yangon_Times/tthl
#Local_News
#Published_ 05 October 2023
#YMG #Yangon_Times #Yangon_Media_Group