#Local_News
Published 25 July 2024

▪️ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမပေါ်တွင် Hilux နှင့်Light Truck ယာဉ်တိုက်မှုဖြစ်ပွားရာနှစ်ဦး‌ ‌ေ-ဆုံးပြီး ခြောက်ဦးဒဏ်ရာရရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဖြစ်စဉ်မှာ ဇူလိုင်၂၅ရက်နေ့၊ မနက် ၇ နာရီ ၁၀ မိနစ် အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါယာဉ်တိုက်မှုကြောင့် Hilux ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၃)ဦး ၊ စုစုပေါင်း (၄)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး (သေဆုံး)၊  Light Truckယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၁)ဦး ၊ စုစုပေါင်း(၄)ဦးအနက် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး (သေဆုံး)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား မြို့မလူမှုကူညီရေးအသင်းနှင့် မြင့်မြတ်စေတနာလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးကြီးသို့‌ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times