Published_ 11 September 2023

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မန္တလေး-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၇/ဝ)နှင့် ၂၁၈/၁)ကြားတွင် စက်တင်ဘာ ၁၁ရက် နံနက် ၈နာရီ ၄၀ အချိန်ခန့် HIJET ယာဉ် မှအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်ပါ သူ ၂ဦးသေဆုံးပြီး ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံ က သိရသည်။

အဆိုပါ HIJET အဖြူရောင်ယာဉ် မောင်းနေစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွှန်းပေါ်သို့တိမ်းမှောက်ခဲ့ တာကြောင့် ယာဉ်ပေါ်ပါလာသည့် ယာဉ်မောင်း အပါအဝင် အမျိုးသား၄ဦးနှင့်အမျိုးသမီး၄ဦး အနက် ယာဉ်မောင်း အမျိုးသားနှင့်ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိသည့် အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၃ဦး မှာထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား၁ဦးနှင့်အမျိုးသမီး တစ်ဦးမှာ စိုးရိမ်ရအခြေနေ ရှိကြောင်း သိရသည်။

အခင်းဖြစ်သည့် နေရာ သို့ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#YMG #Yangon_Times