Published_ 17 May 2024

ရန်ကုန်တိုင်းဒေသကြီး ၊သင်္ဃန်းကျွန်းမြို့နယ်၊လေးထောင့်ကန်လမ်းမကြီး၊ဇဝနCity Martအနီးလူတစ်ဦး စျေးရောင်းနေစဥ်ကွယ်လွန်သွားကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းမှသိရသည်။

 ဇဝန City Mart အနီး အသက် (၅၀)ဝန်းကျင်အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ဖုန်းဆက် အကူအညီတောင်းခံလာ၍ သွားရောက်ကူညီပို့ ဆောင်ပေးခဲ့သည်ဟုဆိုသည်။

"မနေ့က မေလ(၁၆)ရက်က ဇဝန City Mart အနီး အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦးဟာ အပူဒဏ် Heat Strokeကြောင့် ကွယ်လွန်ခဲ့တယ်လို့ ‌အဖြေထွက်ပါတယ်ရှင်"ဟု Medical လူငယ်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက  YMGကိုပြောသည်။

မေလ(၁၆)ရက်မှာပဲရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း ၁၀၆ကားမှတ်တိုင် နှင့် ၁ဝ၆ မီးပွိုင့်အနီး၊အမျိုးသားတစ်ဦးလဲကျနေကြောင်း သိရပြီး အပူဒဏ်ရော ရောဂါအခံကြောင့်ပါ ကွယ်လွန်သွားခြင်းဖြစ်သည်ဟုဆိုသည်။

"သူက ရောဂါလည်းရှိတယ်။ အပူဒဏ်ကြောင့်လည်း ပိုဆိုးပြီး လဲကျကွယ်လွန်သွားတာပါ"ဟု 
မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ် ရေးပရဟိတအဖွဲ့(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 

ရန်ကုန်တွင် ‌နေ့အပူချိန်များပြင်းနေပြီး နေ့လယ်ပိုင်း များတွင်  အရင်က နွေရာသီ ပုံမှန် ၃၆၊၃၇ဒီဂရီဆဲလ်စီးယပ်ကနေ အခုနှစ်မှာ အယ်နီညို သက်ရောက်မှုများရှိပြီး ၄၀ဒီဂရီဆဲလ်စီးယပ်နဲ့ ၄၁ဒီဂရီဆဲလ်စီးယပ်အထိတက်လာသည့် အထိပူပြင်းလာသောကြောင့် အပူကြောင့် သတိလစ်မေ့မျောကာ အသက်ဆုံးရှုံး ခြင်းHeat Strokeများဖြစ်ကာ အသက်ဆုံးရှုံးသူ များရှိနေကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 17 May 2024
#Yangon_Times #YMG_News #Yangon_Media_Group