#Local_News
Published_ 26 April 2023

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ပြည်ကြီးမျက်ရှင် ကားဝင်းအတွင်းကားဂိတ်၌ ပါဆယ် ပစ္စည်းလာရောက်ထုတ်ယူသူ၏ဂျပ်ဖာများအတွင်းမှ ငွေကျပ် ၁၀၀၉သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကသိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်၂ရပ်ကွက်၊ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိ ကားဂိတ်တွင် Super Custom အမျိုးအစားမော်တော်ယာဥ်ဖြင့် ပါဆယ် ပစ္စည်းလာရောက်ထုတ်ယူသူ အောင်ကျော်ဇော(ခ)စစ်မင်းချန့်အားစစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူလာသည့်စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂.၀၁၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို ဧပြီလ၂၄ရက်က သိမ်းဆည်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့်အောင်ကျော်ဇော(ခ)စစ်မင်းချန့်(၃၂)နှစ်အား အမှတ်(၉)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက် များကို ဖော်ထုတ်လျက်ရှိကြောင်းလည်းသိရသည်။

#ymg/pl
#Local_News #မန္တလေး #စိတ်ပြောင်းဆေးဝါး(Happy Water)
#YMG #Yangon_Media_Group