#Local_News
Published 12 May 2024

▪️ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် တွင် Happy Monsoon & Back to School ပွဲတော်ကို မေလ (၁၇) ရက်မှ မေလ (၁၉) ရက်အထိ (၃) ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Yangon Zoo လူမှုကွန်ယက်စာမျက်နှာတွင်ကြေညာထာသည်။

 

▪️ အဆိုပါ ပွဲတော်အချိန်ကာလအတွင်း သားသားမီးမီးတို့၏ Baby Talent Show ရင်သက်ရှုမောဖွယ် မျက်လှည့်ပြကွက်များ၊ JOY Band ၏ တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ ချစ်စရာကောင်းသည့် ငှက်လိမ္မာလေးများနှင့် ဓါတ်ပုံရိုက်ကူးခြင်း၊ Yangon Zoo (Education Department) မှ တိရစ္ဆာန်လေးများ ၏ စိတ်ဝင်စားဖွယ်ကောင်းသည့် ထူးခြားချက်လေးများနှင့် အထွေထွေဗဟုသုတများကို ဆွေးနွေးပြောပြပေးသွားမည့် Talk Show အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့ပြင် တိရစ္ဆာန်လေးများ၏ အကြောင်းကို Keeper များမှ ပြောပြပေးသွားမည့် Keeper Talks Program၊ ဓါတ်ပုံလှလှလေးများ ရိုက်ကူးလို့ရမည့် Photo Booth ၊ သားသားမီးမီးနှင့် မိဘပြည်သူများပါဝင်ယှဉ်ပြိုင်နိုင်မည့် ဂိမ်းအစီအစဉ်များအပြင် တခြားသော ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ပွဲတော်အချိန် ကာလအတွင်း လာရောက်လည်ပတ်ကြမည့် သားသားမီးမီးများနှင့် မိဘပြည်သူများအတွက် ကျောင်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများရော င်းချပေးမည့် ဆိုင်ခန်းများစွာလဲ ပါဝင်သွားမည်ဖြစ်သည့်အတွက် မိသားစု၊ အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက် အပန်းဖြေလည်ပတ်ရန် ဖိတ်ခေါ်ထားသည်။

 

#YMG/LW #Yangon_Times