#Local_News
Published 31 July 2024


▪️ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် ပဲခူးမြို့ ရွှေမောဓေါ ဘုရားလမ်း၊ အမှတ် (၁) ကျောင်းရှေ့တွင် အသက်(၁၆)နှစ်အရွယ် Grade -12 ကျောင်းသား အမျိုးသားတစ်ဦး ယမန်နေ့က ဓါ-တ်လိုက်၍  အသက်ဆုံးရှုံးခဲ့ရပြီး ၎င်း၏နာရေးကို ယနေ့ ဇူလိုင် (၃၁)ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

 

▪️ "ထ (၁) ကျောင်းရှေ့မှာ စက်ဘီးတွန်းလာရင်း ရေထဲမှာ ဓာတ်လိုက် ‌ေ-သဆုံးသွားတာပါ။ ဒီနေ့မှာ သဂြိုလ်မှာပါ၊ ကလေးက ကျောင်းဆရာမတစ်ဦးရဲ့သား၊ ကျောင်းသားလေးပါ" ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

▪️ ဇူလိုင် (၃၀)ရက်၊ နေ့လယ်ပိုင်းက ရွှေမောဓေါ ဘုရားလမ်း၊ အမှတ် (၁) ကျောင်းရှေ့ ဓါ-တ်တိုင်အနီးတွင် ဓါ-တ်လိုက်ကာ အသက်ဆုံးရှုံးခဲ့ရာ  ရုပ်အလေ-ာင်းကို အနီးနားရှိ ရေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသည့် လူမှုကူညီရေးအသင်းများမှ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်း၏နာရေးကို ယနေ့ ဇူလိုင် (၃၁)ရက် နေ့လယ် (၁)နာရီအချိန်တွင် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှ ဆင်ဖြူကွင်းသုဿန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ ပဲခူးမြို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့်  ယမန်နေ့ည‌နေပိုင်းကလည်း သူငယ်ချင်းများနှင့်ဆော့ကစားနေသည့် ကလေးငယ်တစ်ဦး ရေဆိုးပြွန်ထဲသို့ပြုတ်ကျသေဆုံးမှုတစ်ခုလည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times