Published_ 04 December 2023

မြန်မာ့ကျွဲကောသီး ကိုGIထုတ်ကုန်အဖြစ်သတ်မှတ်နိုင်ပါကစိုက်ပျိုးတင်ပို့သူများအကျိုးဖြစ်နိုင်ပြီး
ပြည်ပဈေးကွက်များလည်းထိုးဖောက်နိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံကျွဲကောသီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။

ပထဝီဒေသဆိုင်ရာညွှန်းကိန်းGeographical Indications(GI)ထုတ်ကုန်အဖြစ်သတ်မှတ်နိုင်ရန်မွန်ပြည်နယ်မော်လမြိုင်ဒေသမှထွက်ရှိသည့်ပန်းရောင်-1အမျိုးအစားကျွဲကောသီး အားGIရရှိရန်ယခုနှစ်ဆန်းပိုင်းမှစတင်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပြီး အသင်းမှ GIမှတ်ပုံတင်ဌာနသို့တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

" ဒီအသီးကကမ္ဘာ့ဈေးကွက်ကိုဖောက်နိုင်ဖို့အထိကျွန်တော်တို့ရည်ရွယ်တယ် " ဟု ဦးမြင့်သိန်းကဆိုသည်။

အဆိုပါပထဝီဒေသဆိုင်ရာညွှန်းကိန်း Geographical Indications (GI )ရရှိပါက ပန်းရောင်-1ကျွှဲကောအမျိုးအစားကို မြန်မာ့မျိုးရင်းအဖြစ်သတ်မှတ်နိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်းရှိ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအပြင် စားသုံးသူများအတွက်ပါအကျိုးဖြစ်ထွန်းနိုင်ပြီးပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပန်းရောင်-1ကျွဲကောမျိုးသည် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊အထားအသိုခံနိုင်ရည်ရှိခြင်းများမှာ ပြည်ပမျိုးများထက် သာကြောင်းသိရသည်။

ကျွဲကောကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်၊ တနသာင်္ရီစသည့် ပြည်နယ်နှင့်တိုင်းများ၌ တိုးချဲ့စိုက်ပ်ျိုးလျှက်ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group